ပညာရေးအဖွဲ့
ပညာရေးပေါင်းကူးတံတားဖြင့် ကမ္ဘာကြီိးအား ချိတ်ဆက်တည်ဆောက်အံ့
Detur Pons Mundo – ပညာရေးပေါင်းကူးတံတားဖြင့် ကမ္ဘာကြီိးအား ချိတ်ဆက်တည်ဆောက်အံ့ – ဆိုသည့် ဆောင်ပုဒ်မှာ ကမ္ဘာတစ်ဝန်းရှိ ကျောင်းသားကျောင်းသူများဆီသို့ Dulwich ပညာရေးကို ဆောင်ကြဉ်းပေးနိုင်ရမည် ဟူသော Dulwich College ၏ ရည်မှန်းချက်ကို ထင်ဟပ်စေပါသည်။
Dulwich College International ကျောင်း၏ လုပ်ငန်းကဏ္ဍများ လည်ပတ်ရာတွင် Dulwich College International ပညာရေးအဖွဲ့  မှ ပညာရေးခေါင်းဆောင်များဖြင့် အားဖြည့်ပေးထားပါသည်။ အတွေ့အကြုံရှိသော အတတ်ပညာရှင်များဖြင့် ဖွဲ့စည်းထားသည့် ပညာရေးဆိုင်ရာ ခေါင်းဆောင်အဖွဲ့အနေဖြင့် သင်ကြားပို့ချမှုနှင့် အဆင့်မြှင့်တင် ပြုပြင်မှုအား ထိန်းကျောင်းပဲ့ကိုင်ပေးရန်နှင့် အတတ်ပညာဆိုင်ရာ သင်ယူလေ့လာရေး အစီအစဉ်များကို ပံ့ပိုးဆောင်ရွက်ပေးရန် College ကျောင်းတစ်ကျောင်းစီနှင့် အနီးကပ်ပူးတွဲလုပ်ကိုင်လျက် ရှိကြပါသည်။
ကျွန်ုပ်တို့၏ ခိုင်မာသည့် International Dulwich ကျောင်းများ၏ ပညာရေးအား အဆင့်မြှင့်တင် ဆောင်ရွက်မှုကို လက်ထောက်ကျောင်းအုပ်ကြီး (ပြင်ပ) ဒေါက်တာ Cameron Pyke ၏ ဦးဆောင်မှုဖြင့် Dulwich College ရှိ ပညာရေးဆိုင်ရာ ခေါင်းဆောင်အဖွဲ့ ရှိ ပုဂ္ဂိုလ်များမှ သုံးသပ်ပြီး ပံ့ပိုးမှုများ လုပ်ဆော င်ပေးလျက်ရှိပါသည်။







