Ducks

DUCKS သည် မူကြိုတန်းမှ Year 2 (အသက် ၂ နှစ်မှ ၇ နှစ်အရွယ်) ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာ နှင့် ရည်ရွယ်ချက်ပန်းတိုင်သို့ ပြည့်ဝရောက်ရှိစေရန် ရည်ရွယ်ကာ ပညာသင်ကြားနိုင်အောင် ဖွင့်လှစ်ထားပါသည်။

DUCKS အတန်းများတွင် ကျွန်ုပ်တို့သည် ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ် နှင့် အပြန်အလှန်ချိတ်ဆက်သင်ကြားသောစနစ်တို့ကို ကျင့်သုံးပါသည်။ စူးစမ်းမှုအပေါ်တွင်အခြေခံသော လေ့လာမှုပုံစံဖြင့် သင်ယူသူကိုယ်တိုင် စိတ်ပါဝင်စားစွာပါဝင်လေ့လာခြင်း အလေ့အထကို ပျိုးထောင်ကာ ကလေးငယ်များကိုယ်တိုင် စိတ်ဝင်စားသော အကြောင်းအရာအပေါ် ပိုမိုပါဝင်လေ့လာစေပါသည်။ ကလေးငယ်များ ကို သူတို့၏ အကြံဥာဏ်များကို ဆက်သွယ်ပြောဆိုတတ်ရန် နှင့် သူများ၏ အကြံဥာဏ်များကို နားထောင်တတ်ရန်၊ ပြဿနာများကို ဖြေရှင်းနိုင်ရန် နှင့် သက်ဆိုင်ရာ လုပ်ဆောင်မှုများကို ဇွဲရှိရှိလုပ်ဆောင်တတ်လာစေရန် ရည်ရွယ်သင်ကြားပေးပါသည်။ ကလေးများသည် မတူညီသည့်နေရာတွင် မတူညီသောဖွံ့ဖြိုးမှုနှုန်းဖြင့် တိုးတက်နေသည်ကို နားလည်သည့် အားလျော်စွာ မိဘများနှင့် နီးကပ်စွာ ဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာ ကလေးငယ်များနှင့် ကိုက်ညီသော ပညာရေးခရီးကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ DUCKS အတန်းများမှ အငယ်ဆုံး ကျောင်းသားကျာင်းသူများအား သင်ယူမှုကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ကို အထူးဖန်တီးထားခြင်းဖြစ်သည်။ ယင်းတို့၏ စူးစမ်းလိုစိတ်ဖွံ့ဖြိုးလာစေရန်၊ မိမိကိုယ်ကိုယုံကြည်မှု တိုးတက်လာစေရန်နှင့် မိမိတို့၏ အောင်မြင်မှုအပေါ် ဂုဏ်ယူတတ်သော ကျောင်းသားကျာင်းသူများဖြစ်လာစေရန် စာသင်ခန်းပြင်ပသင်ယူလေ့လာခြင်းကို အားပေးပါသည်။