Junior School

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျောင်းတွင်တက်ရောက်နေသော ကျောင်းသူကျောင်းသားများအားလုံး ပျော်ရွင်ရေး၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရေးနှင့် စိတ်အားထက်သန်သော လေ့လာသင်ယူသူများဖြစ်လာစေရန် ဖြစ်ပါသည်။ ဤ Junior School တွင် စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသော ပတ်ဝန်းကျင်ကောင်း၌ ကျောင်းသားကျောင်းသူများ မိမိတို့၏ ထူးချွန်မှုကို ရရှိလာစေရန် မျှတပြီး သင့်လျှော်သော ပညာရေးစိန်ခေါ်မှုမျိုးကို ကျွန်ုပ်တို့ ဖန်တီးပေးထားပါသည်။ဤ Junior School တွင် အကြောင်းအရာပေါ်အခြေခံသောလေ့လာမှုဖြင့် စိတ်ဝင်စားသော အကြောင်းအရာအောက်၌ မတူညီသော ဘာသာရပ်များကြား ဆက်နွယ်တွဲဖက်လေ့လာစေသော ချဉ်းကပ်ပုံစံဖြင့် ကလေးများကို ကိုယ်တိုင်ပါဝင်လေ့လာစေပါသည်။ ကျောင်းသူကျောင်းသားများအတွက် အင်္ဂလိပ်ဘာသာ နှင့် သင်္ချာဘာသာအတွက် ရည်ရွယ်သောသီးခြားသင်ခန်းစာများရှိပြီး၊ တရုတ်ဘာသာစကား၊ ကိုယ်ကာယပညာရေး၊ အနုပညာ၊ ဒီဇိုင်းနည်းပညာ၊ မြန်မာဘာသာဆိုင်ရာလေ့လာမှုနှင့် ဂီတ တို့အတွက် အထူးဆရာ၊ ဆရာမ များထားရှိကာ စိတ်ပါဝင်စားသောအကြောင်းအရာနှင့် အဓိပ္ပာယ်ရှိစွာ ချိတ်ဆက်ဆွေးနွေးသင်ကြားပေးပါသည်။ ကျွန်ုပ်တို့၏ Junior School သည် စိတ်ဝင်စားစရာကောင်းပြီး တီထွင်ဖန်တီးမှုရှိသော သင်ရိုးဖြင့် ကျောင်းသားကျောင်းသူများအား ယင်းတို့၏ သင်ယူလေ့လာမှုကို ကိုယ်တိုင်ပဲ့ကိုင် တာဝန်ယူကာ လွတ်လပ်စွာ လေ့လာစေပါသည်။ ကလေးတိုင်းသည် ယင်းတို့၏ အကောင်းဆုံးစွမ်းရည်ကို ရရှိအောင် ကျောင်းသားကျောင်းသူများ၏ တိုးတက်မှုအခြေအနေကို ကျွန်ုပ်တို့ပုံမှန်အကဲဖြတ်မှုပြုလုပ်ပါသည်။

ကျန်ရှိနေသော Middle School ကျောင်းသား ဘဝတွင် ကျောင်းသားကျောင်းသူများသည် အသက်အရွယ်နှင့်ကိုက်ညီသော လူမှုရေးဆိုင်သော လိုအပ်သောစောင့်ရှောက်မှုများကို ရရှိမည်ဖြစ်ပြီး Year 6 ကျောင်းသားကျာင်းသူများသည် အင်္ဂလိပ်ဘာသာရပ်၊ သင်္ချာဘာသာရပ်၊ အနုပညာနှင့် ဒီဇိုင်းဘာသာရပ် နှင့် သိပ္ပံဘာသာရပ်များ တွင် နက်နက်နဲနဲ နားလည် သဘောပေါက်စေရန်အပြင် Senior School သို့ ကူးပြောင်းပညာသင်ရာတွင် အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက်လည်း ထပ်ဆောင်းသင်ကြားခြင်းများ ပြုလုပ်ပေးမည် ဖြစ်ပါသည်။