Senior School

ကျွန်ုပ်တို့သည် မိမိကိုယ်မိမိ ယုံကြည်မှုရှိသော အတွေးအခေါ်ကောင်းသော လူငယ်များ မွေးထုတ်ပေးရန် ရည်ရွယ်ပါသည်။

ကျွန်ုပ်တို့သည် စီစစ်သော ပညာရေးအစီအစဉ်များဖြင့် သင်ကြားပို့ချသော်လည်း စာမေးပွဲရလာဒ်တစ်ခုအပေါ်တွင်သာ အကဲဖြတ်၍ ထက်မြက်သော ကျောင်းသားကျောင်းသူများကို  ရွေးချယ်သတ်မှတ်ခြင်းမဟုတ်ပါ။ ကျွန်ုပ်တို့၏ ပညာရေးသင်ကြားမှုများသည် နိုင်ငံတကာအသိအမှတ် IGCSE သင်ရိုးကို ရည်ရွယ်ကာ အဆင့်မြှင့်တင်ထားသော အင်္ဂလိပ်အမျိုးသားပညာရေး ကိုအခြေခံ၍ သင်ကြားပေးခြင်းကြောင့် ကျောင်းသားကျောင်းသူများအား  အပေါ်ယံ သိရှိလေ့လာစေရုံတင်မက ပဲ နက်နက်ရှိုင်းရှိုင်းလေ့လာသိရှိစေပါသည်။

ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူအများစုသည် Year 9 အစောပိုင်းမှ စ၍ Year 10 နှင့် Year 11 ထိ စာမေးပွဲဖြေဆိုကြရပါသည်။ ကျောင်း၏ နောက်ဆုံး ၂ နှစ်တွင် ကမ္ဘာ့ အဆင့်တက္ကသိုလ်များသို့ သွားရောက်ပညာသင်ကြားနိုင်ရန် ရည်ရွယ်၍  Year 12 နှင့် Year 13 ကျောင်းသားကျောင်းသူများကို ကမ္ဘာ့အသိအမှတ်ပြု ပညာရေးစစ်ဆေးမှုများကို ပြုလုပ်ပေးလျက်ရှိပါသည်။ ယခုအစီအစဉ်သည် နိုင်ငံတကာအသိအမှတ်ပြု အစီအစဉ်တစ်ခုဖြစ်ပြီး ကျောင်းသားကျောင်းသူများကို သူတို့၏ စိတ်ဝင်စားမှုအပေါ်ကို သေချာသိရှိပြီး ပူးပေါင်းဆောင်ရွက်နိုင်သည့် အခွင့်အလမ်းများကို ထောက်ပံ့ပေးလျက်ရှိပါသည်။

ကျွန်ုပ်တို့၏ တွဲဘက် သင်ကြားမှုအစီအစဉ်များတွင် ကျောင်းသားကျောင်းသူများကို အားကစား နှင့် အနုပညာတွင် ကျွမ်းကျင်လာစေရန် အခွင့်အလမ်းများကို ထောက်ပံ့ပေးလျက်ရှိပြီး ကျောင်းသားကျောင်းသူများကို ဝန်ဆောင်မှုဆိုင်ရာကျောင်း စီမံကိန်း နှင့် လူမှုအဖွဲ့အစည်းများတွင် ပါဝင်ရန် တိုက်တွန်းပေးလျက်ရှိပါသည်။

Star City ကျောင်းဝင်း၏ Senior School သည် Year 7 ၊ Year 8 မှ Year 13 အထိ တစ်နှစ်စီ တိုးချဲ့ ဖွင့်လှစ်သွားမည် ဖြစ်ပါသည်။ ပန်းလှိုင်ကျောင်းဝင်းမှ အလယ်တန်းပြီးမြောက်သော ကျောင်းသားများသည် Star City ၏ Year 9 Senior School သို့ ပြောင်းရွှေ့ တက်ရောက်ရပါမည်။