ပညာရေးဆိုင်ရာ မူဘောင်များ
ကျွန်ုပ်တို့၏ ကျောင်းဝင်းနှစ်ခုလုံးတွင် မူကြိုတန်းများ မှ Year 2 (အသက် ၂ နှစ်မှ ၇ နှစ်အထိ) ဖြစ်သော Early Years (အစောပိုင်းပညာရေးသင် အတန်းများ) ၊ Years 3 မှ 6 (အသက် ၇ နှစ်မှ ၁၁ နှစ်အထိ) ဖြစ်သော Junior School နှင့် Years 7 မှ 13 (အသက် ၁၂ နှစ်မှ ၁၈ နှစ်အထိ) ဖြစ်သော Senior School စသည့် အတန်းများပါဝင်ပါသည်။ စတင်ဖွင့်လှစ်မည့် သြဂုတ်လ ၂၀၂၀ ခုနှစ်မှစ၍ Year 11 ထိ အတန်းများကို စတင်တက်ရောက်နိုင်ပြီး နောင်လာမည့်နှစ်များတွင် တစ်နှစ်လျှင် တစ်တန်းနှုန်းဖြင့် အထက်တန်းကျောင်းတစ်ကျောင်းအဖြစ်သို့ ရောက်ရှိအောင် တိုးချဲ့ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။
Year 11 ပြီးဆုံးသွားသောအခါ ပန်းလှိုင်ကျောင်းဝင်းမှ ကျောင်းသားကျောင်းသူများသည် ကျွန်ုပ်တို့၏ ကြယ်စင်အိမ်ရာကျောင်းဝင်းတွင် Year 12 ကို ဆက်လက်တက်ရောက်နိုင်မည်ဖြစ်ပါသည်။
Dulwich College နိုင်ငံတကာအဖွဲ့ဝင်ကျောင်းများမှ အောင်မြင်ပြီးသော ကျောင်းသားကျောင်းသူများသည် နိုင်ငံတကာဝင်ခွင့်များနှင့် ပညာသင်ဆုများကို နှစ်စဉ်ရရှိလျက်ရှိပါသည်။ ကျွန်ုပ်တို့၏ နိုင်ငံတကာ ကျောင်းသားကျောင်းသူဟောင်းများသည် အချို့သော ကမ္ဘာထိပ်တန်းတက္ကသိုလ်များသို့ တက်ရောက်ခွင့်များလည်း ရရှိလျက်ရှိပါသည်။