Early Years

Early Years သည် မူကြိုတန်းမှ Year 2 (အသက် ၂ နှစ်မှ ၇ နှစ်အရွယ်) ကျောင်းသားကျောင်းသူများ ပျော်ရွှင်စွာနှင့် ရည်မှန်းချက်ပန်းတိုင်သို့ ပြည့်ဝရောက်ရှိစေရန် ရည်ရွယ်ကာ ပညာသင်ကြားနိုင်အောင် ဖွင့်လှစ်ထားပါသည်။

Early Years အတန်းများတွင် ကျွန်ုပ်တို့သည် ကျောင်းသားဗဟိုပြုသင်ကြားမှုစနစ်နှင့် အပြန်အလှန်ချိတ်ဆက်သင်ကြားသောစနစ်တို့ကို ကျင့်သုံးပါသည်။ စူးစမ်းမှုအပေါ်တွင်အခြေခံသော လေ့လာမှုပုံစံဖြင့် သင်ယူသူကိုယ်တိုင် စိတ်ပါဝင်စားစွာပါဝင်လေ့လာခြင်းအလေ့အထကို ပျိုးထောင်ကာ ကလေးငယ်များကိုယ်တိုင် စိတ်ဝင်စားသော အကြောင်းအရာအပေါ် ပိုမိုပါဝင်လေ့လာစေပါသည်။ ကလေးငယ်များကို သူတို့၏ အကြံဥာဏ်များကို ဆက်သွယ်ပြောဆိုတတ်ရန်နှင့် သူများ၏ အကြံဥာဏ်များကို နားထောင်တတ်ရန်၊ ပြဿနာများကို ဖြေရှင်းနိုင်ရန်နှင့် သက်ဆိုင်ရာ လုပ်ဆောင်မှုများကို ဇွဲရှိရှိလုပ်ဆောင်တတ်လာစေရန် ရည်ရွယ်သင်ကြားပေးပါသည်။ ကလေးများသည် မတူညီသည့်နေရာတွင် မတူညီသော ဖွံ့ဖြိုးမှုနှုန်းဖြင့် တိုးတက်နေသည်ကို နားလည်သည့်အားလျော်စွာ မိဘများနှင့် နီးကပ်စွာဆွေးနွေးတိုင်ပင်ပြီး သက်ဆိုင်ရာကလေးငယ်များနှင့် ကိုက်ညီသော ပညာရေးခရီးကို ပံ့ပိုးပေးပါသည်။ ကျွန်ုပ်တို့၏ Early Years အတန်းများမှ အငယ်ဆုံးကျောင်းသားကျောင်းသူများအား သင်ယူမှုကို ဖြစ်ပေါ်စေသော ပတ်ဝန်းကျင်ကို အထူးဖန်တီးထားခြင်းဖြစ်သည်။ ၎င်းတို့၏ စူးစမ်းလိုစိတ်ဖွံ့ဖြိုးလာစေရန်၊ မိမိကိုယ်ကိုယုံကြည်မှု တိုးတက်လာစေရန်နှင့် မိမိတို့၏ အောင်မြင်မှုအပေါ် ဂုဏ်ယူတတ်သော ကျောင်းသားကျောင်းသူများဖြစ်လာစေရန် စာသင်ခန်းပြင်ပသင်ယူလေ့လာခြင်းကို အားပေးပါသည်။