တက္ကသိုလ် ရွေးချယ်မှုဆိုင်ရာများ
ကျောင်းသားကျောင်းသူ ဘဝသည် တစ်ဦးချင်းနှင့် မိသားစုတိုင်းအတွက် အရေးကြီးပါသည်။ ထို့ကြောင့်ပင် Dulwich College International ၌ အနာဂါတ်ကောင်းမွန်ရေးနှင့် လမ်းညွှန်ပြသမှုသည် ကျွန်ုပ်တို့ ဆောင်ရွက်သမျှအားလုံး၏ အရေးပါသော ပင်မအရာဖြစ်ကာ တောင့်တင်းခိုင်မာသော တက္ကသိုလ် ဆွေးနွေးလမ်းညွှန်မှုအစီအစဉ်တစ်ရပ်ကို ပံ့ပိုးပေးရန် အရေးကြီးပါသည်။ စာသင်ခန်းတွင်းနှင့် စာသင်ခန်းပြင်ပတွင် ကျောင်းသားများ၏ အောင်မြင်မှုသည် အစဉ်ပြောင်းလဲနေသော လောကကြီးတွင် ခံနိုင်ရည်ရှိ၍ ပြုပြင်ပြောင်းလဲနိုင်စေရန် ကျောင်းသား၏ စွမ်းရည်တွင် အခြေပြုသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။ Senior School တစ်လျှောက်လုံး Early Years မှနေ၍ ကျောင်းသားအားလုံးအား လမ်းညွှန်ပေးမှုနှင့် စိုပြေသာယာရေးရရှိရန် ကျောင်းသားဗဟိုပြု ချဉ်းကပ်နည်းကို ကျွန်ုပ်တို့က ပေးစွမ်းပါသည်။ ကျောင်းသားများ တိုးတက်ဖွံ့ဖြိုးမှုနှင့် မိမိကိုယ်မိမိ သိမြင်နားလည်ခြင်းတို့ ပါဝင်သော ဖွံ့ဖြိုးရေးဆိုင်ရာ ကိုယ်ပိုင်တိုးတက်မှု သင်ရိုးညွှန်းတမ်းဖြစ်သည့် Dulwich College ၏ အောင်မြင်ရေးအစီအစဉ်တွင် ကျောင်းသားများအားလုံး ပါဝင်ပါသည်။ အဆင့်တိုင်းရှိ ကျောင်းသားတိုင်း ထိုးထွင်းအမြင်ရှိသော နားလည်သဘောပေါက်ခြင်းကို ပံ့ပိုးပေးလျက် သင်ယူလေ့လာသူများ၏ ဖန်တီးပြုလုပ်ချက်များကို ပြင်ဆင်မွမ်းမံကာ ပြန်လည်သုံးသပ်ခြင်းဖြင့် ပညာရပ်ဆိုင်ရာ၊ သင်ရိုးပြင်ပဆိုင်ရာ၊ ကိုယ်ရည်ကိုယ်သွေးတိုးတက်မှုတို့အတွက် မရေမတွက်နိုင်သော အခွင့်အလမ်းများစွာကို ကျွန်ုပ်တို့က ကျောင်းသားများကို ပံ့ပိုးပေးလျက်ရှိပါသည်။
ကျောင်းသားကျောင်းသူများသည် ကျွန်ုပ်တို့၏ တမူထူးခြားသော တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်းမှု လမ်းညွှန်ပြသရေး အစီအစဉ်ကို မိတ်ဆက်ပေးသည့်အခါ Year 10 တွင် တက္ကသိုလ်နှင့် အသက်မွေးဝမ်းကျောင်း သုတေသနအား လွှဲပြောင်းခြင်းမပြုမီ Year 7 တွင် မိမိကိုယ်မိမိ နားလည်သဘောပေါက်နေစေခြင်းတွင် ကျောင်းသားများကို ပံ့ပိုးပေးရန် ကျောင်းသားများ၏ ကိုယ်ပိုင် သင်ယူလေ့လာမှုများမှ ထိုးထွင်းသိမြင်မှုနှင့် ထူးခြားသောအချက်အလက်များကို အသုံးပြုပါသည်။ ဤနေရာတွင် ကိုယ်ပိုင်အက်ဆေးနှင့် လျှောက်လွှာများ ဖန်တီးခြင်းနှင့် လျှောက်လွှာတင်ခြင်းလုပ်ငန်းစဉ်မှတဆင့် ကမ္ဘာအနှံ့အပြား လူအများနှစ်သက်သော တက္ကသိုလ်နည်းစနစ်များတွင် ကျောင်းသားများကို လမ်းညွှန်ပြသပါသည်။ ထို့အပြင် ကျွန်ုပ်တို့ ကျောင်းသားများနှင့် မိသားစုများအတွက် အကောင်းဆုံးဖြစ်စေရန်နှင့် စိတ်ပါဝင်စားမှုကို ပြသရန် တက္ကသိုလ်၏ ဓလေ့စရိုက်များ၊ တန်ဖိုးများ၊ သင်ရိုးညွှန်းတမ်းနှင့် အရည်အချင်းများကို အကဲဖြတ်စိစစ်ပုံနှင့် လေ့လာပုံတို့ကို ကျောင်းသားများကို သင်ကြားပြသပါသည်။ ငယ်ရွယ်စဉ်အချိန်မှ စတင်သော မိမိကိုယ်ကိုယ် ယုံကြည်မှုရှိခြင်းနှင့် မိမိကိုယ်ကိုယ် သတိမူသိရှိခြင်း အယူအဆ အတွေးအမြင်တစ်ရပ်ကို တည်ဆောက်ခြင်းဖြင့် ကျောင်းသားများသည် အကြားအမြင်များသော စိတ်ကူးယဉ်အိပ်မက်များနှင့် Dulwich ကျောင်းများ မှထွက်ခွာသွားရန် အဆင်သင့်ဖြစ်နေကြောင်းကို ကျွန်ုပ်တို့၏ ပရိုဂရမ်များမှ သေချာစွာ စိစစ်ဆောင်ရွက်ပါသည်။
ကျွန်ုပ်တို့၏ ကျောင်းသားများသည် ကျောင်းများ၌ တက္ကသိုလ်အကြံပေးပုဂ္ဂိုလ်များမှ တစ်ဦးချင်း လမ်းညွှန်ဆွေးနွေးမှုကို လက်ခံရရှိရုံသာမကဘဲ Dulwich College Internation ကျောင်းများအနှံ့ အကောင်းဆုံးသော လက်တွေ့လေ့ကျင့်မှုကို မျှဝေသော နောက်ခံအမျိုးမျိုးနှင့် နယ်ပယ်အထူးပြုမှု အတွေ့အကြုံရှိ အကြံပေးပုဂ္ဂိုလ်များထံမှ ရရှိသော ကူညီထောက်ပံ့မှုများကိုလည်း ရရှိပါသေးသည်။ ကျွန်ုပ်တို့၏ အကြံပေးပုဂ္ဂိုလ်များစွာသည် တက္ကသိုလ် ကိုယ်စားလှယ်များနှင့် ဝင်ခွင့်အရာရှိများနှင့် တွဲဖက်၍ လုပ်ကိုင်ဆောင်ရွက်လျက် International ACAC (ကောလိပ်ဝင်ခွင့် အကြံပေးအဖွဲ့အစည်း) တွင် တာဝန်ထမ်းဆောင်ပါသည်။ ကမ္ဘာတလွှား ပညာရပ်ဆိုင်ရာ သင်ကြားလေ့လာခြင်းနှင့် ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကမ္ဘာလုံးဆိုင်ရာအခန်းကဏ္ဍများကို ဦးဆောင်ရန် Dulwich အမည်နှင့် ကွန်ရက်ကို ဤကျွန်ုပ်တို့၏ တက္ကသိုလ်အကြံပေးပုဂ္ဂိုလ်များမှတဆင့် အကျိုးကျေးဇူး ရရှိနိုင်မည်ဖြစ်ပါသည်။
#အသင့်တော်ဆုံးရွေးချယ်မှု အခန်း
ကမ္ဘာအရပ်ရပ်ရှိ ထိပ်တန်းတက္ကသိုလ်ကြီးများ၊ ကောလိပ်များနှင့် အထူးပြုအစီအစဉ်များမှ ကမ်းလှမ်းမှုများ လက်ခံရရှိခြင်းအတွက် နှစ်စဉ်နှစ်တိုင်း ကျွန်ုပ်တို့၏ ဘွဲ့ရကျောင်းသားများအား ဂုဏ်ပြုလက်ခုပ်သြဘာ ပေးရသော်လည်း ကျောင်းသားများ၏ စိတ်ဝင်စားမှု၊ ရည်မှန်းချက်ပန်းတိုင်များ၊ အဆင့်များနှင့် အသင့်တော်ဆုံး အကောင်းဆုံးဖြစ်သော ကောလိပ်များ၊ တက္ကသိုလ်များ တက်ရောက်နိုင်စေရန် ကျွန်ုပ်တို့၏ တက္ကသိုလ် ဆွေးနွေးလမ်းညွှန်ခြင်း အချက်အလက်အပေါ်တွင် ပိုမို၍ အရေးပေးစေပါသည်။ မြောက်အမေရိကားနှင့် UK သည် ၂ဝ၁၈ခုနှစ်တွင် Dulwich College International မှ ပညာသင်ယူပြီးဆုံးသော ကျောင်းသားကျောင်းသူများအတွက် ရေပန်းစားသော ရည်မှန်းချက်ပန်းတိုင်သည် ကြီးမားသော အများပြည်သူ တက္ကသိုလ်များမှနေ၍ အနုပညာကောလိပ်များ ဒီဇိုင်းပညာရပ်ကျောင်းများအထိ မြောက်အမေရိကားရှိ ရည်မှန်းချက်ပန်းတိုင်နှင့်အတူ ဖြစ်သည်။ ၎င်းတို့တွင် McGill တက္ကသိုလ်၊ Brown တက္ကသိုလ်၊ Bowdoin ကောလိပ်၊ Johns Hopkins တက္ကသိုလ်၊ Rhode Island ဒီဇိုင်းပညာရပ်ကျောင်း၊ Boston တက္ကသိုလ်၊ Massachusetts ဆေးဝါးနှင့် ကျန်းမာရေးသိပ္ပံကောလိပ်၊ Stanford တက္ကသိုလ်၊ Macalester ကောလိပ်၊ Visual Art ကျောင်း၊ Princeton တက္ကသိုလ်၊ Toronto တက္ကသိုလ်၊ California တက္ကသိုလ်၊ Berkeley တက္ကသိုလ်နှင့် အခြားများစွာသော ကျောင်းများ ပါဝင်ကြပါသည်။ London စီးပွားရေးနှင့် နိုင်ငံရေးသိပ္ပံကျောင်း၊ Durham တက္ကသိုလ်၊ Oxford တက္ကသိုလ်၊ Imperial College London နှင့် Cambridge တက္ကသိုလ်များ၌ တက်ရောက်နေသော ဘွဲ့ရများစွာ ရှိပါသည်။ ထို့အပြင်လည်း London ဖက်ရှင်ကောလိပ်ကျောင်းနှင့် Royal တိရစ္ဆာန်ဆေးကုကောလိပ်များမှ ကမ်းလှမ်းမှုများကို လက်ခံရရှိသူများလည်း ရှိပါသည်။ ကျွန်ုပ်တို့၏ ကျောင်းသားများသည် Yonsei တက္ကသိုလ်၊ Melbourne တက္ကသိုလ်၊ Peking တက္ကသိုလ်နှင့် Hong Kong သိပ္ပံနှင့် နည်းပညာ တက္ကသိုလ်များ အပါအဝင် အာရှ၊ ဥရောပနှင့် သြစတေးလျရှိ တက္ကသိုလ်အမျိုးမျိုးတို့မှ ကမ်းလှမ်းမှုများကိုလည်း လက်ခံရရှိခဲ့ပါသည်။