Junior School

ကျွန်ုပ်တို့၏ ရည်ရွယ်ချက်မှာ ကျောင်းတွင်တက်ရောက်နေသော ကျောင်းသားကျောင်းသူများအားလုံး ပျော်ရွှင်ရေး၊ မိမိကိုယ်မိမိ ယုံကြည်မှုရှိရေးနှင့် စိတ်အားထက်သန်သော လေ့လာသင်ယူသူများဖြစ်လာစေရန် ဖြစ်ပါသည်။ ဤ Junior School တွင် စဉ်ဆက်မပြတ် ပံ့ပိုးကူညီပေးသော ပတ်ဝန်းကျင်ကောင်း၌ ကျောင်းသားကျောင်းသူများ မိမိတို့၏ ထူးချွန်မှုကို ရရှိလာစေရန် မျှတပြီး သင့်လျှော်သော ပညာရေးစိတ်ခေါ်မှုမျိုးကို ကျွန်ုပ်တို့ ဖန်တီးပေးထားပါသည်။ ဤ Junior School တွင် အကြောင်းအရာပေါ်အခြေခံသော လေ့လာမှုဖြင့် စိတ်ဝင်စားသော အကြောင်းအရာအောက်၌ မတူညီသော ဘာသာရပ်များကြား ဆက်နွယ်တွဲဖက်လေ့လာစေသော ချဉ်းကပ်ပုံစံဖြင့် ကလေးများကို ကိုယ်တိုင်ပါဝင်လေ့လာစေပါသည်။ ကျောင်းသားကျောင်းသူများအတွက် အင်္ဂလိပ်ဘာသာနှင့် သင်္ချာဘာသာအတွက် ရည်ရွယ်သော သီးခြားသင်ခန်းစာများရှိပြီး တရုတ်ဘာသာစကား၊ ကိုယ်ကာယပညာရေး၊ အနုပညာ၊ ဒီဇိုင်းပညာ၊ မြန်မာဘာသာဆိုင်ရာ လေ့လာမှုနှင့် ဂီတတို့အတွက် အထူးဆရာ၊ ဆရာမများထားရှိကာ စိတ်ပါဝင်စားသောအကြောင်းအရာနှင့် အဓိပ္ပာယ်ရှိစွာ ချိတ်ဆက်ဆွေးနွေးသင်ကြားပေးပါသည်။ ကျွန်ုပ်တို့သည် စိတ်ဝင်စားစရာကောင်းပြီး တီထွင်ဖန်တီးမှုရှိသောသင်ရိုးဖြင့် ကျောင်းသားကျောင်းသူများအား ၎င်းတို့၏ သင်ယူလေ့လာမှုကို ကိုယ်တိုင်ပဲ့ကိုင်တာဝန်ယူကာ လွတ်လပ်စွာလေ့လာစေပါသည်။ ကလေးတိုင်းသည် ၎င်းတို့၏ အကောင်းဆုံးစွမ်းရည်ကို ရရှိအောင် ကျောင်းသားကျောင်းသူများ၏ တိုးတက်မှုအခြေအနေကို ကျွန်ုပ်တို့ ပုံမှန်အကဲဖြတ်မှုပြုလုပ်ပါသည်။

ကျန်ရှိနေသော Juior School ဘဝတွင် ကျောင်းသားကျောင်းသူများသည် အသက်အရွယ်နှင့်ကိုက်ညီသော လူမှုရေးဆိုင်သော လိုအပ်သော စောင့်ရှောက်မှုများကို ရရှိမည်ဖြစ်ပြီး Year 6 ကျောင်းသားကျောင်းသူများသည် အင်္ဂလိပ်ဘာသာရပ်၊ သင်္ချာဘာသာရပ်၊ အနုပညာနှင့် ဒီဇိုင်းဘာသာရပ်နှင့် သိပ္ပံဘာသာရပ်များတွင် နက်နက်နဲနဲ နားလည်သဘောပေါက်စေရန်အပြင် Senior School သို့ ကူးပြောင်းပညာသင်ရာတွင် အခက်အခဲမရှိ ပညာသင်ကြားနိုင်စေရန်အတွက်လည်း ထပ်ဆောင်းသင်ကြားခြင်းများ ပြုလုပ်ပေးမည်ဖြစ်ပါသည်။