Dulwich College Yangon Parent Referral Award

ကျောင်းသားတစ်ဦး/မိသားစုတစ်စု ခေါ်လာနိုင်ပါက ကျောင်းလခပေါ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀ လျှော့ပေးခြင်း

မိဘအုပ်ထိန်းသူများ မိမိတို့၏ သူငယ်ချင်းများ၏ ကလေးများအား DCY သို့ ရည်ညွှန်းပေးလျှင် ကျွန်ုပ်တို့သည် ၎င်းပံ့ပိုးမှုကို များစွာ ကျေးဇူးတင်ရှိပါသည်။ ထို့ကြောင့် ကျွန်ုပ်တို့သည် DCY တွင် Referral Award ကို စတင် ပြုလုပ်မည်ဖြစ်ကြောင်း ဝမ်းမြောက်စွာ ကြေငြာအပ်ပါသည်။

မိသားစုအသစ်တစ်ခုသည် Foundation 1 နှင့် အထက်ရှိ အတန်းများသို့ ကျောင်းသားတစ်ဦး အပ်နှံပါက နှင့် မိဘအုပ်ထိန်းသူတို့ ရည်ညွှန်းပေးမှုကို ဖော်ပြပါက ကျွန်ုပ်တို့သည် ၂၀၂၁-၂၂ ပညာသင်နှစ်အတွက် ကျောင်းလခပေါ်တွင် အမေရိကန်ဒေါ်လာ ၁၀၀၀ လျှော့ပေးမည်ဖြစ်ပါသည်။ Toddler အတန်းအတွက် အပ်နှံသော ကျောင်းသားသစ်များအတွက် ထိုဆုသည် သက်ဆိုင်မည် မဟုတ်ပါ။ မိမိရရှိနိုင်မည့် လျှော့ဈေးအရေအတွက်သည် အကန့်အသတ်မရှိပါ။ ထိုဆုသည် ယနေ့မှစတင်ပြီး ၂၀၂၁ ခုနှစ် သြဂုတ်လအထိ အကျိုးသက်ရောက်မှုရှိပါသည်။ အကယ်၍ မိမိသည် လက်ရှိပညာသင်နှစ်ဖြစ်သော တတိယမြောက်စာသင်နှစ်ဝက်အတွက် ကျောင်းသားတစ်ဦးကို ရည်ညွှန်းပေးနိုင်ပါကလည်း ဤဆုကို ရရှိမည်ဖြစ်ပါသည်။

ဤကဲ့သို့သော ဘဏ္ဍာရေးဆောင်ရွက်မှုများသည် ခက်ခဲသော Covid 19 ကာလအတွင်း မိသားစုဝင်များကို ကူညီနိုင်မည်ကို ကျွန်ုပ်တို့ သတိပြုမိပါသည်။ ကျွန်ုပ်တို့၏ မိသားစုဝင်များကို ခက်ခဲသောအချိန်များတွင် ထောက်ပံ့နေစဉ် ကျွန်ုပ်တို့ကျောင်းကို ဆက်လက်တိုးတက်ရန် ကူညီချင်ပါသည်။

အချက်အလက်များကို ပိုမိုသိရှိလိုပါက ကျေးဇူးပြု၍ ကျောင်းအပ်လက်ခံရေးဌာနကို ဆက်သွယ်ပေးပါ။