Covid ကြောင့် ပိတ်ဆို့ထားသောအချိန်တွင် ကျွန်ုပ်တို့၏ ‘Dulwich Inspires’ အစီအစဉ်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများသည် George Orwell ၏ သား Richard Blair နှင့်အတူ ဦးဆောင်သော စကားပြောဆိုဆွေနွေးခြင်းကို တက်ရောက်ရန် ဝမ်းမြောက်စွာ ဖိတ်ကြားအပ်ပါသည်။

Zoom အစည်းအဝေးမှ ပါဝင်ရန်

https://dulwich-international.zoom.us/j/98560807405?pwd=UXRGSGhrdFFRdkxGZnJ5bjZ2aHlSdz09

Meeting ID: 985 6080 7405

Passcode: 540074

George Orwell သည် မြန်မာနိုင်ငံတွင် (၁၉၂၂-၂၇) ၅ နှစ်ကြာ နေထိုင်ခဲ့ပါသည်။ သူသည် ၂၁ ရာစု၏ အရေးကြီးဆုံး စာရေးဆရာတစ်ဦးဖြစ်ပါသည်။ သူသည် မြန်မာနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ နိုင်ငံတကာ သမိုင်းကြောင်း၊ စိတ်ကူးယဉ်ဝတ္ထု၊ ဝတ္ထုများ၊ လူမှုရေးစောင့်ရှောက်မှုနှင့် တန်းတူညီမျှမှု၊ မြန်မာနိုင်ငံရှိ တိရိစ္ဆာန်များ ကျန်းမာရေး၊ နိုင်ငံရေးစနစ်များ၊ အရေးအသား၏ သဘောသဘာဝနှင့် ရည်ရွယ်ချက်တို့ကို ရေးသားခဲ့ပါသည်။ သူသည် မြန်မာနိုင်ငံရှိ ကရင်တိုင်းရင်းသား ဘုရားရှိခိုးကျောင်းများကို တက်ရောက်ခဲ့ပြီး ဘာသာစကားကို လျှင်မြန်စွာလေ့လာသင်ယူခဲ့ပြီး ဗမာဘုန်းတော်ကြီးများနှင့် ကျွမ်းကျင်စွာ ပြောဆိုနိုင်ခဲ့ပါသည်။ သူသည် တိရိစ္ဆာန်ပုံပြင်များကို နိုင်ငံရေး ဒဏ္ဍာရီအဖြစ်အသုံးပြုခြင်း၊ မတရားခံရသောလူအသိုင်းအဝိုင်းများအကြောင်း ဖန်တီးခြင်း၊ ၂၁ ရာစု အတွေးအခေါ်စွမ်းရည်၏ အဓိကသော့ချက်ဖြစ်သော ‘ဝိရောဓိအတွေးအခေါ်’ ကို ပြသခြင်း အစရှိသည်တို့၏ ရှေ့ဆောင်လမ်းပြတစ်ဦးဖြစ်ပါသည်။ သူ၏ ပုံနှိပ်ထုတ်ဝေခဲ့သော ဝတ္ထုများမှာ ‘Animal Farm’ ၊ ‘1984’ ၊ ‘Burmese Days’ ၊ နှင့် စာစီစာကုံးဖြစ်သော ‘Shooting an Elephant’ တို့ဖြစ်ပါသည်။ သူ၏ အရေးအသားများသည် ‘V for Vendetta’ ၊ ‘Hunger Games’ ၊ ‘Zootopia’ နှင့် အခြားများစွာသော ခေတ်သစ်ပုံပြင်များအတွက် လှုံ့ဆော်မှုတစ်ခုဖြစ်ပါသည်။

သူသည် နိုင်ငံရေး၊ ပညာရေး၊ လူမှုစောင့်ရှောက်ရေး၊ စာရေးခြင်း၊ တိရိစ္ဆာန်စောင့်ရှောက်ရေးများ၊ ၂၁ ရာစုအတွက် ကျောင်းသားကျောင်းသူများအား ဝေဖန်ပိုင်းခြားမှု ဖန်တီးမှုတို့ကို မည်ကဲ့သို့ တွေးခေါ်ရမည်နည်း အစရှိသည်တို့ကို စိတ်ဝင်စားသူများအတွက် အဓိကသော့ချက်ဖြစ်ပါသည်။ သူ၏သား Richard သည် George Orwell ၏ ဘဝနှင့်ပတ်သတ်၍ ထူးခြားသော ထိုးထွင်းသိမြင်မှုရှိပြီး ၎င်းသည် ဤထိုးထွင်းသိမြင်မှုကို သိရှိနိုင်ရန်ထူးခြားသော အခွင့်အရေးဖြစ်ပြီး ယခုမျက်မှောက်ကာလ၊ အတိတ် သို့မဟုတ် အနာဂါတ်နှင့်ပတ်သောသော အကြောင်းအရာများနှင့်ပတ်သတ်၍ မေးခွန်းမေးနိုင်ပါသည်။

ကြာသပတေးနေ့၊ နိုဝင်ဘာလ ၁၉ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ ၂ နာရီ ၁၅ မိနစ်အချိန်တွင် သင်၏ ထူးခြားသောအခွင့်အရေးအတွက် ဆက်သွယ်၍ တိုက်ရိုက်မေးခွန်းများမေးမြန်းရန် ကျွန်ုပ်တို့နှင့်အတူ ပါဝင်လိုက်ပါ!

Zoom အစည်းအဝေးမှ ပါဝင်ရန်

https://dulwich-international.zoom.us/j/98560807405?pwd=UXRGSGhrdFFRdkxGZnJ5bjZ2aHlSdz09

Meeting ID: 985 6080 7405

Passcode: 540074