Star City ကျောင်းဝင်း

ကျွန်ုပ်တို့၏ အဆောက်အဦးနှင့် သင်ထောက်ကူပစ္စည်းများ

ကျွန်ုပ်တို့၏ College ကျောင်းဝင်းသည် ကျွန်ုပ်တို့၏ သင်ယူမှုဆိုင်ရာ ခံယူချက်ကို ထင်ဟပ်စေမည့် ဖော်ညွှန်းမှုတစ်ခုပင် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများ၏ အသိဥာဏ်ပညာဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ၊ လူမှုဆက်ဆံရေးဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုများအတွက် ရည်ရွယ်ရှေးရှု့၍ ပညာရေးဆိုင်ရာ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတည်ဆောက်ထားခြင်းဖြစ်ပါသည်။ ကြယ်စင်အိမ်ရာကျောင်းဝင်းတစ်ခုလုံးကို မြန်မာ့လက်မှုပညာနှင့် ယဉ်ကျေးမှုအဆောက်အဦးများကို ရည်ညွှန်းလျက် ဝါးများနှင့် အခြားသော သဘာဝအလျောက်ရရှိသည့် ပစ္စည်းများကို အခြေခံကာ တည်ဆောက်ထားပါသည်။

Dulwich College Yangon ၏ ကြယ်စင်အိမ်ရာကျောင်းဝင်းသည် ၈ ဟက်တာ (၂၀ ဧက) ကျယ်ဝန်းသော စိမ်းလန်းသည့် မြက်ခင်းပြင်ပေါ်တွင် တည်ဆောက်ထားပြီး ရန်ကုန်မြို့၏ အရှေ့တောင်အစွန်းတွင် တည်ရှိသော သန်လျင်မြို့နယ်အတွင်းရှိ ဆွဲဆောင်မှုရှိသည့် ကြယ်စင်အိမ်ရာအတွင်း၌ တည်ရှိပါသည်။ အဆိုပါကျောင်းဝင်းကို ကမ္ဘာ့အဆင့်မီပညာရေး နှင့် တွဲဖက်သင်ရိုးများသင်ကြားနိုင်သော သင်ထောက်ကူ အဆောက်အအုံများ အပါအဝင် မိုးလုံလေလုံနှင့် ပြင်ပသင်ကြားသင်ယူမှုဆိုင်ရာ အဆောက်အဦးများနှင့် ဝင့်ကြွားစွာ တည်ဆောက်ထားပါသည်။ တည်ဆောက်မှုများအားလုံး ပြီးစီးပါက ကျောင်းဝင်းကို အပိုင်း (၅) ခုခွဲ၍ အသက်၂ နှစ်မှ ၇ နှစ်ထိ DUCKS ကျောင်းသားကျောင်းသူများ၊ အသက် ၇ နှစ်မှ ၁၁ နှစ်ထိ အငယ်တန်းကျောင်းသားကျောင်းသူများ နှင့် အသက် ၁၁ နှစ်မှ ၁၈ နှစ်ထိ အကြီးတန်းကျောင်းသားကျောင်းသူများအတွက် သက်ဆိုင်ရာ သီးခြားအဆောက်အဦးများဖြင့် ခွဲခြားထားရှိသွားမည်ဖြစ်ပါသည်။

ကျွန်ုပ်တို့၏ ကြယ်စင်အိမ်ရာကျောင်းဝင်း၏ အားကစားအဆောက်အဦးများတွင် rugby ကစားနိုင်သည့်ကွင်းများနှင့် ဘောလုံးကွင်းများ၊ မိုးလုံလေလုံ အားကစားရုံ နှင့် ၅၀ မီတာ ကျယ်ဝန်းသော အိုလံပစ်အဆင့်မီ ရေကူးကန်နှင့် ရေကူးသင်နိုင်သော ရေကူးကန်တို့ ပါဝင်ပါသည်။ တည်ဆောက်မှုများအားလုံး ပြီးစီးပါက ကြယ်စင်အိမ်ရာကျောင်းဝင်းတွင် ဖျော်ဖြေမှုအနုပညာစင်တာ၊ ဒီဇိုင်းနှင့် အနုပညာအဆောက်အဦးနှင့် သိပ္ပံလက်တွေ့စမ်းသပ်ခန်းများပါဝင်လာမည်ဖြစ်ပါသည်။

7 အရေအတွက်

ကြယ်စင်အိမ်ရာကျောင်းဝင်းသည် မြို့ထဲမှ ကားဖြင့် မိနစ် ၃၀ ခန့် အကွာအဝေးတွင်ရှိသော ရန်ကုန်မြို့၏ အရှေ့တောင်ဘက်တွင် တည်ရှိပါသည်။ College ဘက်မှ ကျောင်းအကြိုအပို့ဘက်စ်ကားများကို ရန်ကုန်မြို့၏ အဓိကနေရာများသို့ ကြိုပို့ဝန်ဆောင်မှုပေးနိုင်ရန်အတွက် စီစဉ်ထားပါသည်။ ယခုလက်ရှိတွင် ကျွန်ုပ်တို့ ကြယ်စင်အိမ်ရာကျောင်းဝင်း၌ မူကြိုကလေးများမှ Year 9 ကလေးများအထိ တက်ရောက်နိုင်ပြီး နောင်နှစ်များတွင် Year 13 (အသက် ၁၇ နှစ်) ထိ ကလေးများ တက်ရောက်နိုင်သည်အထိ တိုးချဲ့သွားမည်ဖြစ်ပါသည်။

Dulwich College Yangon သည် ဒီပလိုမာအစီအစဉ်အတွက် ကိုယ်စားလှယ်လောင်းကျောင်းတစ်ကျောင်းဖြစ်ပါသည်။ ဤကျောင်းသည် IB ကမ္ဘာ့ကျောင်းအဖြစ် ခွင့်ပြုချက်ရရှိရန် ကြိုးစားနေသောကျောင်းတစ်ကျောင်းဖြစ်ပါသည်။ IB ကမ္ဘာ့ကျောင်းများသည် တူညီသောအတွေးအခေါ်များဖြင့် ကျွန်ုပ်တို့၏ ကျောင်းသားကျောင်းသူများအတွက် အရေးကြီးသည်ဟု ယုံကြည်သော အရည်အသွေးမြင့် စိန်ခေါ်မှုရှိသော နိုင်ငံတကာပညာရေးကို လုပ်ဆောင်နေကြပါသည်။