Friends of Dulwich

Friends of Dulwich သည် ကျွန်ုပ်တို့၏ လူထုအသိုင်းအဝိုင်းအတွက် အကျိုးပြုလုပ်ငန်းများကို စိတ်တူကိုယ်တူ ဆောင်ရွက်နေသော အဖွဲ့ဖြစ်ပါသည်။ Dulwich မှ မိဘအုပ်ထိန်းသူများအားလုံးသည် Friends of Dulwich အဖွဲ့ဝင်များဖြစ်ပြီး ကျောင်းနှင့်အတူ တက်ကြွလှုပ်ရှားလေ့ရှိသူများ ဖြစ်ကြပါသည်။ မိဘအုပ်ထိန်းသူများသည် Friends of Dulwich ကော်မတီအဖွဲ့ဝင်အဖြစ် ကျောင်းသားမိဘကိုယ်စားလှယ် တာဝန်ကိုယူကာ လူမှုရေးကိစ္စများ လှုပ်ရှားဆောင်ရွက်နိုင်သကဲ့သို့ Friends of Dulwich မှ ပံ့ပိုးစီစဉ်သော လူမှုရေးရန်ပုံငွေပွဲများတွင်လည်း လုပ်အားပေးသူများအဖြစ် ပံ့ပိုးကူညီပေးနိုင်ပါသည်။

Friends of Dulwich မှ မိသားစုဝင် အသစ်များကို အစဉ်အမြဲကြိုဆိုလျက် ရန်ကုန်မြို့ နှင့် ကျွန်ုပ်တို့ကျောင်းတွင် အသားကျအောင် ကြိုးစားနေထိုင်နေသော မိသားစုဝင်များကိုလည်း အတတ်နိုင်ဆုံး ပံ့ပိုးပေးသွားမည် ဖြစ်ပါသည်။